ကျတော်မင်းချစ်သူဝက်ဆိုဒ်လေးမှကြိုဆိုပါတယ်ဗျာ Photobucket Photobucket Photobucket Photobucket
မူလစာမျက်နာ ဝတ္ထုတို ကဗျာများ သီချင်းမျာ download လုပ်နည်းလမ်းညွှန် ဓာတ်ပုံများ Pc ဂိမ်းများ နည်းပညာများ

Saturday, 21 September 2013

ပန်းတစ်ပွင့် သို့  တမ်းချင်း



ဒီဇင်ဘာ ရဲ့ ဆောင်းနှင်းစက်တွေကြား

ပန်းပွင့်လေးရဲ့ အပြုံးတစ်ချက်က အေးတိအေးစက်နဲ့ ..

အမြတ်တနိုးနဲ့ နမ်းရှိုက်ခဲ့ရဖူးတဲ့

ပန်းပွင့်လေးရဲ့ .. မြတ်နိုးခြင်း ပွင့်ဖတ်လေးတွေထဲ

ရင်ခုန်သံတွေ ပျောက်ဆုံးခဲ့မှတော့

နမ်းရှိုက်ခဲ့ရဖူးတဲ့ နှလုံးသား သံစဉ်တွေလဲ

မေ့လိုက်ပါတော့လေ ..

ယစ်မှုးခဲ့တဲ့ သူ့ ရဲ့ အလှကာရန်တွေကြား ..

ကဗျာစပ်မိတဲ့ ဘဝတစ်ခုကတော့ပြိုလဲခဲ့ရ ..

ကံကြမ္မာ မအပ်စပ်တဲ့ အနာဂတ်လဲ .. ပျောက်ဆုံးခဲ့ရပေါ့ ..

ပြီးခဲ့ပြီပဲလေ ..

အနီးက မီးအိမ်လေး မှုတ်ငြိမ်းသွားမှတော့ ..

ချမ်းလွန်းလို့ ခိုက်တုန်နေရှာတဲ့ နှလုံးသားလေးအတွက်

ဟိုး .. အဝေးက အလင်းဖျဖျ .. မီးပုံလေး ဆီလဲ

ရောက်အောင် သွားချင် သွားရတော့မှာပေါ့ .. ။ ။

သက်အောင်(ကလောင်တိုက်ပွဲ)

No comments:

Post a Comment