ကျတော်မင်းချစ်သူဝက်ဆိုဒ်လေးမှကြိုဆိုပါတယ်ဗျာ Photobucket Photobucket Photobucket Photobucket
မူလစာမျက်နာ ဝတ္ထုတို ကဗျာများ သီချင်းမျာ download လုပ်နည်းလမ်းညွှန် ဓာတ်ပုံများ Pc ဂိမ်းများ နည်းပညာများ

Monday, 14 October 2013

ကံတရားရဲ့ စီမံရာအတိုင်း

ဘယ်သူတယောက်ရဲ့အမှားမှမပါဘူးလေ ...

ဝေးကွာခြင်းကို ဘယ်လူသားကနှစ်သက်မှာလဲ
ငါကရောနှစ်သက်မယ်ထင်လို့လား
ဒါပေမယ့် ပျော်ရာမနေပဲ
တော်ရာမှာနေကျရတာ
အမှန်တရားမို့
ခုတော့ ...
ငါတို့နှစ်ယောက်က
သူစိမ်းတွေပဲဖြစ်ရတာပေါ့လေ ...

နင်ပျော်အောင်နေပါ စိတ်မကောင်းမဖြစ်ပါနဲ့
ဘဝဆိုတာ
ဒီလိုပါပဲလေ ...
နင့်မျက်ရည်တွေကို
အနားကနေ ဖယ်မရှားပေးနိုင်လို့
တောင်းပန်ပါတယ် ...

ငါ့နှလုံးသားကို နင့်ရင်မှာ
သဂြိုလ်ထားပြီးသားမို့
နင့်အနားမှာ ငါမရှိပေမယ့်
ငါ့စိတ်ဝိဥာဉ်လေးတွေက
ခိုးနားနေမှာ
နင့်ပါးပြင်ထက်မှာ ....။ ။
ကံတရားရဲ့ စီမံရာအတိုင်း
ငါတို့နှစ်ယောက်ရဲ့
ဆုံနိုင်ခွင့် ပါမစ်က
ဒီချိန်ထိပဲ သတ်မှတ်ထားလို့
ကျောခိုင်း ကျရတာ
ဘယ်သူတယောက်ရဲ့အမှားမှမပါဘူးလေ ...

ဝေးကွာခြင်းကို ဘယ်လူသားကနှစ်သက်မှာလဲ
ငါကရောနှစ်သက်မယ်ထင်လို့လား
ဒါပေမယ့် ပျော်ရာမနေပဲ
တော်ရာမှာနေကျရတာ
အမှန်တရားမို့
ခုတော့ ...
ငါတို့နှစ်ယောက်က
သူစိမ်းတွေပဲဖြစ်ရတာပေါ့လေ ...

နင်ပျော်အောင်နေပါ စိတ်မကောင်းမဖြစ်ပါနဲ့
ဘဝဆိုတာ
ဒီလိုပါပဲလေ ...
နင့်မျက်ရည်တွေကို
အနားကနေ ဖယ်မရှားပေးနိုင်လို့
တောင်းပန်ပါတယ် ...

ငါ့နှလုံးသားကို နင့်ရင်မှာ
သဂြိုလ်ထားပြီးသားမို့
နင့်အနားမှာ ငါမရှိပေမယ့်
ငါ့စိတ်ဝိဥာဉ်လေးတွေက
ခိုးနားနေမှာ
နင့်ပါးပြင်ထက်မှာ ....။     ။

No comments:

Post a Comment