ခရမ်းနုရောင်းအိပ်မက်ထဲက
အလွမ်း နတ်သမီးလေး
ကိုယ့်ရဲ့ ရင်ခွင်တံခါးကို ဆွဲဖွင့်
နှလုံးသား တစ်စုံ ပွင့်ကျခါနီးမှ ..
ဟိုး .. အဝေး ..သူထွက်ပြေးတယ် ..
မမောနိုင် မပန်းနိုင် ပြေးကာလိုက်တော့
မာယာတော ထဲ ဝင်ရောက်
တဖြေးဖြေးနဲ့ ဝေဝါး ပျောက်ကွယ်
အချစ်နတ်သမီးရေ
မင်း ခိုအောင်းခဲ့ဖူးတဲ့ ဒီရင်ခွင်
မင်း စင်္ကြန် လျှောက်ခဲ့ ဖူး တဲ့ ဒီနှုတ်ခမ်းတစ်စုံ
အရာရာ ဟာ လွမ်းလောက်ပါရဲ့
ရွတ်ပြခဲ့ဖူးတဲ့ အလင်္ကာတွေ
တီးပြခဲ့ဖူးတဲ့ ပတ်ပျိုးတစ်ပုဒ်
မင်းခလုတ်တိုက်ခဲ့ဖူးတဲ့ ဒီဘဝတစ်ခု
ခုတော့ အရာအားလုံး ဆုံးလျခဲ့ပြီပေါ့ကွယ် ..
မင်းအတွက် ရေးထားခဲ့မိတဲ့ ကဗျာတစ်ပုဒ် ..
ကိုယ် အကြိမ်ကြိမ် အခါခါ ရွတ်ဆိုမိနေရဲ့ ..
" နတ်သမီးရယ် .. အရမ်းချစ်တယ်"
မကြာမှီ .. ကိုယ့်အိပ်မက်တွေက
အယောင်ဆောင် မနက်ခင်းတွေ နှင့်အတူ
နိုးထရတော့မယ်
တမ်တးမိတဲ့ တမ်းချင်းတွေက ..
ကိုယ့်ရဲ့ ပြက္ခဒိန်တွေကို ဟောင်းမြစေတယ်လေ ..။ ။
သက်အောင်(ကလောင်တိုက်ပွဲ)

No comments:
Post a Comment