ကျတော်မင်းချစ်သူဝက်ဆိုဒ်လေးမှကြိုဆိုပါတယ်ဗျာ Photobucket Photobucket Photobucket Photobucket
မူလစာမျက်နာ ဝတ္ထုတို ကဗျာများ သီချင်းမျာ download လုပ်နည်းလမ်းညွှန် ဓာတ်ပုံများ Pc ဂိမ်းများ နည်းပညာများ

Saturday, 21 September 2013

ဗလာကောင် ရဲ့ အိပ်မက်



သုညကိုမှ စွဲမတ်မိတဲ့ ဗလာကောင် ..
အမှန်တရားတွေ ကို မြေကြီးပေါ် ပစ်ချ ၊
သူ့ ကမ္ဘာဟာ မိုးစုန်းစုန်းချုပ်ခဲ့ပြီ ..

"မဟာလူသားဝါဒ" ကို ရွံမုန်းလို့ တဲ့
သူ့ ကိုယ်သူ ဗလာကျင်း
သုည လောက ကြီးထဲ
ခြေအစုံ ပစ်ဝင် ခဲ့တယ်လေ ..
တကယ်တော့ ..
နဂိုကတည်းကိုက သူ့ မှာ ဘာမှမရှိ ..

သူနေထိုင်တဲ့ ဗလာ လောကမှာ
လမင်းကြီးကိုသာ သူ ချစ်သတဲ့ ၊
သူ့ လိုပဲ ဗလာ မို့ တဲ့လေ
လမင်းကြီးရဲ့ လျှို့ဝှက် အပြုံးတွေကို
သူမှ မမြင်နိုင်တာ ..

မဲ့ပြုံးကလေးနဲ့ သူ့ ဘဝဟာ
ကောင်းကင်ကိုမော့ကြည့်
အလင်းဖျော့ဖျော့
ကြယ်ကလေးတွေကို
ရေတွက်လို့ နေလေရဲ့ ..

လွတ်ထားလိုက်ပါ ..
သူက ဗလာကောင် ပဲ
နောက်ဆုံးတော့လဲ
သုည ဝတ်စုံကိုဝတ်ဆင်ရင်း
လူမသိ သူမသိ ပျောက်ဆုံးသွားမှာပါ .. ။ ။

သက်အောင် (ကလောင်တိုက်ပွဲ)

No comments:

Post a Comment