ကျတော်မင်းချစ်သူဝက်ဆိုဒ်လေးမှကြိုဆိုပါတယ်ဗျာ Photobucket Photobucket Photobucket Photobucket
မူလစာမျက်နာ ဝတ္ထုတို ကဗျာများ သီချင်းမျာ download လုပ်နည်းလမ်းညွှန် ဓာတ်ပုံများ Pc ဂိမ်းများ နည်းပညာများ

Saturday, 21 September 2013

၂၁ ရာစု ရဲ့ အသက်ရှူသံ


တကယ်တော့ ..
ဘာဆို ဘာမှ မရေရာတဲ့ ဘဝကြီးထဲ
ငါတို့ အားလုံး .. အတွေးတွေ နယ်ချဲ့ ရင်း
ခံစားမှု့အားလွန်ကဲကြ
တစ်ခါတရံ .. အရှုံးတွေကို
ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ
ထိခိုက်လွယ်လွန်း ခဲ့ကြပြန်ရော ..
ထိတွေ့ကိုင်တွယ်လို့  မရတဲ့
ကြယ်မမြင် လမမြင် လောကဒဏ်ထဲ
အိပ်မက်တွေကတော့ ရင်ဘက်နဲ့အပြည့်
သံသရာစက်ဝန်းထဲ မျောဝင်နေတဲ့
အသက်ရှူသံတွေကတော့
လေထုရဲ့ညစ်ညမ်းမှု့ကို
မြိန်ရေရှက်ရေ စားသုံးရင်း ..
သဘာဝရဲ့ ရွက်ကြမ်းရေကြို အလှတွေကို
ခံစားယစ်မူးနေကြတယ် ..
မာယာများလွန်းတဲ့ ဟန်ဆောင်အပြုံးတွေက
ငို နည်း ပေါင်းစုံကို စုံမက် ဖက်တွယ်ရင်း
ဘယ်သောအခါ ရယ် ရပါ့မလဲ
ဝေခွဲရခက်နေတာ .. ။ ။


သက်အောင်(ကလောင်တိုက်ပွဲ)

No comments:

Post a Comment