ကျတော်မင်းချစ်သူဝက်ဆိုဒ်လေးမှကြိုဆိုပါတယ်ဗျာ Photobucket Photobucket Photobucket Photobucket
မူလစာမျက်နာ ဝတ္ထုတို ကဗျာများ သီချင်းမျာ download လုပ်နည်းလမ်းညွှန် ဓာတ်ပုံများ Pc ဂိမ်းများ နည်းပညာများ

Saturday, 21 September 2013

သူမ ကိုလွမ်းလို့ 



အလွမ်းကိုဖွဲ့သီလို့ 
တေးတစ်ပုဒ် ဆိုညည်းမယ်
"သူမကိုလွမ်းတယ် .."

တေးသွား ရနံ့ကြွေသံကို
ကြင်နာခြင်းတွေ
သိခဲ့ကောင်းပါရဲ့ ..

ဝမ်းနည်းစွာ ငိုကြွေးမှု့တွေနဲ့
ကဗျာ တစ်ပုဒ် ဖွဲ့သီမယ်
"သူမကိုလွမ်းတယ် .."

ခါးသီးစွာ အရွာလွန်တဲ့
မိုးရေစက်တွေထဲ
မျက်ရည်စတွေ ပျောက်ဆုံးတယ် ..

ချစ်တတ်ခဲ့လို့ ကြွေကွဲမှု့တွေနဲ့
ပန်ချီတစ်ကား ရေးဖြစ်ခဲ့
"သူမကိုလွမ်းတယ် .."

နာကျင်ခြင်းတွေဆေးစက်မညီ
စုပ်ချက်များစွာနဲ့ နှလုံးသားကတော့
ငိုသံတွေ နဲ့ ကြွေမွလို့ ..

ကစဥ့်ကလျားနဲ့
စိတ်ဖြစ်စဉ်တွေရယ်
ညဥ့်နက်တိုင်းမှာ အိပ်မက်ဆိုးတွေနဲ့
"သူမကိုလွမ်းတယ် .. " ။ ။

သက်အောင်(ကလောင်တိုက်ပွဲ)

No comments:

Post a Comment