ကျတော်မင်းချစ်သူဝက်ဆိုဒ်လေးမှကြိုဆိုပါတယ်ဗျာ Photobucket Photobucket Photobucket Photobucket
မူလစာမျက်နာ ဝတ္ထုတို ကဗျာများ သီချင်းမျာ download လုပ်နည်းလမ်းညွှန် ဓာတ်ပုံများ Pc ဂိမ်းများ နည်းပညာများ

Saturday, 21 September 2013

အဆိပ်သင့် အနမ်း



နံနက်ခင်းအလင်းရဲ့
ကော်ဖီ တစ်ခွက်အေးခါးအေးစက်စက်နဲ့
ချိုမြိန်လွန်းတဲ့ အချစ်ရဲ့
အနမ်းတွေ ခါးသက်လွန်းတယ် ။

ဟန်ဆောင်ကောင်းတဲ့
သူ့ မျက်ဝန်းတွေ တမ်းတမိလို့ 
ရင်ခုန်ကင်းမယ့်
မနက်ဖြန်တိုင်းမှာ အသက်ရှူမှားတယ် ။

နှစ်သိမ့် အပြုံးတွေရဲ့
စွဲလမ်းမှု့ အလှကာရံတွေကြား
မျှော်လင့် အလွမ်းတွေ ဆွံ့အခဲ့တော့
ချစ်ခြင်း အနမ်း တွေ အဆိပ်သင့်ရတယ်

အယောင်ဆောင်နံနက်ခင်းတွေက
ရာသီ အဆက်ဆက် မျက်ရည်စတွေနဲ့
ကာရံမဲ့ အိပ်မက်တွေကတော့
ကံကြမ္မာ ကြိုးပြတ်ခဲ့ရပြီ

သေမင်းလက်နဲ့ ရက်စက်ခဲ့တဲ့
အနာဂတ်တစ်ခုက လေလွှင့်ရာပြန့်ကြဲ ...
ကောင်းကင်မရှိတဲ့ တိမ်တိုက်တွေရဲ့
အထီးကျန် နေ့ရက်တွေ က
နွေရက်များရဲ့ ဆောင်းရာသီလို

ငွေ့ရည်ဖွဲ့ ညနေခင်းများစွာက
ပူလောင်ခြင်းအလွမ်းတွေအတွက်
ပတ်ကြားအက် ရင်ခွင်တစ်စုံနဲ
နွေလူကို ဆီးလို့ ကြို

ကြေမွ ပျက်စီးနေတဲ့ စိတ်တွေက
လေနှင်ရာလွှင့်တဲ့ တိမ်တိုက်တွေလို
နေဝင်ချိန်ဘဝတွေက
အိပ်တန်းပြန် တောင်ပံခတ်သံတွေနဲ့
ကြေကွဲခြင်း တိမ်တိုက်တွေက ဝမ်းနည်းလို့  .. ငို ။ ။

သက်အောင် (ကလောင်တိုက်ပွဲ)

No comments:

Post a Comment