ကျတော်မင်းချစ်သူဝက်ဆိုဒ်လေးမှကြိုဆိုပါတယ်ဗျာ Photobucket Photobucket Photobucket Photobucket
မူလစာမျက်နာ ဝတ္ထုတို ကဗျာများ သီချင်းမျာ download လုပ်နည်းလမ်းညွှန် ဓာတ်ပုံများ Pc ဂိမ်းများ နည်းပညာများ

Saturday, 21 September 2013

သားမိုက် ရဲ့ မေမေ



မေမေ ..
မေမေ မငိုပါနဲ့ ..
ကျတဲ့ မျက်ရည်တွေ သုတ်လိုက်ပါတော့ ..
ဆိုးခဲ့ မိုက်ခဲ့ သား တစ်ယောက်အတွက်တော့ ..
မေမေ မငိုပါနဲ့တော့ ..
အင်မတန်ပူလောင် သားမိုက်အတွက်က ..
နေဆယ်စင်းဝန်းတဲ့ လောင်မြှိုက်မီးပေါ့ .. ။ ။

မေမေ့ရဲ့ မေတ္တာ ..
စိမ့်စမ်းရေပမာ ကြည်လင်အေးမြ
ပေးဆပ်ထားခဲ့ အချစ်တွေနဲ့ ..
သားသမီးတွေကို ထွေးပွေ့  ယုယ
အလင်းလက်ဆုံးသော ..
ကောင်းကင်ထက်က ကြယ်တစ်ပွင့်လား ? ..
တုနိုင်းမရ အရာရာ ထက် အမြဲ
ကျနော့်ဘဝထဲမှာ တောက်ပဆဲပါ မေမေ။ ။

ငယ်စဉ်ကတည်းက
စောင့်ရှောက်ခဲ့တဲ့မေမေ့ သံယောဇဉ် ..
နှစ်တွေ လတွေ ပြောင်းလဲသော်လဲ
ကြွင်းကျန်ရစ်နေ ..
အစားထိုးမနိုင်တဲ့ မိဘမေတ္တာတွေကို
လိုအပ်ဆဲပေါ့ ..
နားလည်မှု့မရှိတဲ့ သားမိုက်ကိုတော့
ခွင့်လွတ်ပေးပါတော့ .. ။

မေတ္တာ တရားကို နားမလည်ခဲ့တဲ့ ..
သား တစ်ယောက်အဖြစ်တော့ ..
မိုက်မဲမှု့တွေကို အစဉ် နောင်တရနေဆဲပါ မေမေ ..
မိုက်ပြစ်တွေ ကို ဆေးကြောပြီးတဲ့ ..
တစ်နေ့မှာ သားမိုက်ကို ..
ခိုလှုံခွင့်ပြုပါ အမေ့ရင်ငွေ့ပေါ့ . . ။ ။

သက်အောင်(ကလောင်တိုက်ပွဲ)

No comments:

Post a Comment