မုတ်သုန် ကို ဆာလောင်တယ်
နွေမရှိတဲ့ ကန္တာရ တိုင်းပြည်မှာ
နာကျင်မှု့တွေနဲ့ လူကန္တာရ အတွက်
အလွမ်းတိမ်တိုက်တွေ လွှင့်ပြယ်ခဲ့ပြီး နောက်
ညနေခင်းများစွာ ငွေ့ရည်ဖွဲ့ပြီးခဲ့ပြီ..
ဒီလိုနဲ့ .. ဟိုး .. အရှေ့ရပ်ဝန်းက
မှော်ဆရာမလေးရဲ့ မြို့ရိုးကို လှမ်းအကြည့်
တိမ်စိုင်တိမ်ခဲတွေပြိုကျတယ် ..
ညနေခင်းတွေက ငိုချတယ် ..
ရေစက်တွေ .. မိုးရေစက်တွေ ..
ကိုယ့်ရင်ဘက်ပေါ်က အလင်္ကာတွေ
ပြန်လည် ထွန်ရက် စိုက်ပျိုးနိုင်ခဲ့ပြီ ..
ပတ်ကြားအက် ရင်ခွင်တစ်စုံရဲ့
ဝိဥာဉ်ကျောက်သားတွေ ပြန်လည် စေ့စပ်စေခဲ့ပြီ ..
မိုးခေါင်ခဲ့ တဲ့ လူကန္တာရ အတွက် မိုးတိမ်တုတွေ ဖန်တီး
တိမ်စိုင်တွေပြိုကျ မိုးရေတွေရွာချ
ဝုန်းဒိုင်းကျဲ နွေလူ ကို ပြန်လည်ရှင်သန်စေခဲ့တဲ့
မှော်ဆရာမလေးရယ် ကျေးဇူးပါကွယ် ။

သက်အောင်(ကလောင်တိုက်ပွဲ)

No comments:
Post a Comment