ကျတော်မင်းချစ်သူဝက်ဆိုဒ်လေးမှကြိုဆိုပါတယ်ဗျာ Photobucket Photobucket Photobucket Photobucket
မူလစာမျက်နာ ဝတ္ထုတို ကဗျာများ သီချင်းမျာ download လုပ်နည်းလမ်းညွှန် ဓာတ်ပုံများ Pc ဂိမ်းများ နည်းပညာများ

Saturday, 21 September 2013

" ခွဲ "


"၁" နှစ်ခါ ထပ်သွားတဲ့ နေ့စွဲ
လမ်းခွဲပဲ (အဲ့ဒီနေ့) ပေါ့ ..
မခေါ်ပဲ အတင်းလာ
မနှင်ပဲလဲ ပြန်သင့်ပါပြီ ...
မြို့ ပြညတွေကိုတော့
လွမ်းနေရအုန်းမယ် ...။

အလုံးအရင်း တိုးဝင်လာကြတဲ့
တံခါးပေါက်တစ်ခုကို
ကိုယ်က အားမသုံးပဲ
ရအောင် ထွက်ခဲ့တယ် ...။

ပြောပြီး မလုပ်နိုင်သူတွေထဲ
ကျွန်တော် တိတ်တိတ်လေး လက်မထောင်ပါတယ်
သူရဲကောင်းအဖြစ် နဲ့ပေါ့ ...။

မင်း "ရူး" နေတာလားလို့
ပြောသူတိုင်းကို
ကျေးဇူးတင်ပါတယ်လေ ...
ကျွန်တော်ကိုယ်တိုင်က
ရုးသွပ်နေရတာ သဘောကျတယ် ...။

သစ်ရိပ်လေးတွေ မငိုပါနဲ့ ...
ကိုယ်က သင်းကွဲမဟုတ်ကြောင်း
မင်းတို့က သက်သေထူခဲ့ပြီးပြီ ...။

လမ်းကလေးကတော့ ဆွေးပေတော့ကွာ ...
ကိုယ် မလာနိုင်တော့တဲ့ နေရာမှာပဲ
မင်း ရှိနေပေးပါ
ကိုယ့် လိုလူတွေကို အားပေးပါဦး ..။

နှုတ်ဆက်တယ်ဆိုတာ
ပြန်မတွေ့တော့မယ့် သူတွေအတွက်ပါ
ကွန်တော်ကတော့ ကိုယ့်လက်ကိုယ်ဆွဲ
ခွဲထွက်ခဲ့ပြီ ...။

အမြစ်တွေ မတွယ်ချင်တော့ပါဘူး
လောကမှာ ကိုယ့်ရေသောက်မြစ်
ကိုယ်ဖြတ်လိုက်တဲ့ သစ်ပင်တစ်ပင်ဟာ
ခြသေ့င်္ကျွန်းမှာ ရာဇ၀င် အဖြစ်နဲ့ပေါ့ ...။

ညလင်းအိမ်

No comments:

Post a Comment