ကျတော်မင်းချစ်သူဝက်ဆိုဒ်လေးမှကြိုဆိုပါတယ်ဗျာ Photobucket Photobucket Photobucket Photobucket
မူလစာမျက်နာ ဝတ္ထုတို ကဗျာများ သီချင်းမျာ download လုပ်နည်းလမ်းညွှန် ဓာတ်ပုံများ Pc ဂိမ်းများ နည်းပညာများ

Saturday, 21 September 2013

"ဖြစ်စဉ်"


ဒင်းဒေါင် ဒင်းဒေါင် ဒင်းဒေါင်
နှိုးစက်သံကစလို့ ကျွန်တော်တို့ နိုးထကြ
ပျင်းရိမှုတွေကို အိတ်ထဲထည့်
စက်ရုပ်လို သံပတ်နှုံးထားနှင့်
ခြေကျင် ကား ရထား အသီးသီး
ဦးတည်ရာ ထွက်ပေါက်များသို့ ...။

ရှေ့ကြည့် နောက်ကြည့်
သတိနဲ့သွား သတိနဲ့စား
Manager ကို အဖေတင်
Supervisor ကို ဦးချ
Boss ကိုရှောင်ရှား
မသင်ဖူးတော့ ရှောင်လင်ကွန်ဖူးများ
ကျွန်တော်တို့ အလိုလို တက်ကြဧ။် ...။

နာရီသံ တချက်ချက်မြည်သံများ
ရင်ခုန်သံ စည်းချက်အလား
၆ နာရီကို အမြန်ရောက်ပေးပါ
အိမ်ကို ပြန်ချင်လို့ပါ
(ရဲလေး သီချင်းမဟုတ်ပါ)
ခိုးကြောင်ခိုးဝှက် သိမ်းဆည်း
ရထား ကား ခြေကျင်
အလုအယက် တိုးဝှေ့ကြ
ထိုသို့ ထိုသို့ ...
ကျွန်တော်တို့ အိမ်ပြန်ကြဧ။် ...။

မကျေနပ်မှုတွေ တင်းမာမှုတွေ လျှော့ချ
မာနတွေ ခ၀ါချ
ဒယ်အိုးများ ဒန်အိုးများ အိုးခွက်ပန်းကန်များ
ချက်ကြပြုတ်ကြ
စားကြသောက်ကြ
ထိုသို့ ထိုသို့ ...
ကျွန်တော်တို့ ညဉ့်နက်ကြဧ။် ...။

တကယ်တော့
ငှက်တွေလိုပါပဲ
ကျလိ ကျလိနဲ့ အစာရှာထွက်
အချိန်တန်တော့ အသိုက်ပြန်ကြ
မိသားစုရဲ့ နွေးထွေးခွင့်ရကြ
သူတို့ဘ၀က ပိုလိုတောင် လှဧ။် ..။

ကျွန်တော်တို့ကတော့ ...
အပြင်ပန်းလှတဲ့ ခြင်္သေ့ကျွန်းအလှမှာ စီးမြော
စက်ရုပ်လိုသွား
စက်ရုပ်လိုစား
စက်ရုပ်လို စကားများ
ဌာနေပြန်ဖို့ အတွေးများ
စိတ်ကူးနဲ့မျှော်ရေး
ဝေးနေဆဲပါ ...။

(ခြင်္သေ့ကျွန်းမှ သူငယ်ချင်းများသို့)

ညလင်းအိမ် 

No comments:

Post a Comment